ဖုန်းအတု့ အစစ်​ဘယ်​လိုခွဲမလဲ

ပြန်လည်မျှဝေပါတယ်။

Mobile Error စစ်နည်း (Android & Iphone & Samsaung)▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲error မိတာ လျော့ပါးအောင်ပါ လူအချင်းချင်း လိမ်လည် လှည့်ဖြားခံရခြင်းလည်း ကင်းစေချင်ပါတယ် #Second ဖုန်း၁လုံးဝယ်တော့မယ်ဆို အရင် ဦးဆုံး #Touch တွေစစ်ပါ #ကင်မရာစစ်ပါ #Vibrateစစ်ပါ #Sensor စစ်ဖို့ 112 ကို ခေါ်ပြီး အပေါ်ကနေ လက်နဲ့ လွဲပါ #Mic စစ်ပါ #Wifi စစ်ပါ #Speaker ကိုသေချာနားထောင်ပါအက်သံပေါက်မပေါက် #LCD ဝါမဝါ အကွက် ရှိမရှိ မှန်ကို သေချာစိုက်ကြည့်ပါ ရေဝင်ထားရင် အကွက်ထင်တာ မှန်လဲရင် အလင်းပေါက်တာ ရှိတတ်ပါတယ် #မှန်ထောင့်တွေ သေချာလိုက်ကြည့်ပါ အလင်းတန်းနေရင် မှန်လဲထားဒါ ဖြစ်နိုင်သလို စက်ကို ပြန်လုံးတာ လည်းဖြစ်နိုင်ပါတယ် #ကင်မရာစစ်ရင်ဝါးမဝါးသေချာကြည့်ပါ ပြုတ်ကျထားပြီး အလင်းဒဏ်မခံနိုင်ရင် ကင်မရာထိတာ ပါ ဝါးနေရင် ဖုန်ဝင်မဝင်ကြည့်ပါ #battery ကို Resatrt ရိုက်ကြည့်ပါ 4% 5% လျော့ရင် ကိစ္စမရှိဘူး 20% ကနေ 5% လောက်ဖြစ်ရင် Battery မကောင်းဒါ Power IC မကောင်းတာဖြစ်နိုင်ပါတယ် တစ်ထစ်ချပြောဒါမဟုတ်ပါ လေ့လာပါ သုံးကြည့်ပါ #Software Dialer ထဲမှာ *#06# ကို စစ်ပါ IMEI Null ဖြစ်မဖြစ်ကြည့်ပါ IMEI ဂဏန်းတွေမပေါ်ရင် Null ဖြစ်ရင် ဖုန်းပြောလို့ net'သုံးလို့မရပါ ခင်ဗျာ #Power Bank ဆောင်ထားပါ ဝယ်မယ်ဆို သွင်းကြည့်ပါ အား 3% 4% လောက်ထိသွင်းကြည့်ပါ အားအဝင်ပြပြီးမဝင်ရင် Power IC မကောင်းတော့တာ ဖြစ်နိုင်သလို USB ခေါင်းကြောင့်လည်းဖြစ်နိုင်ပါတယ် #အင်တာနက်သုံးကြည့်ပါ Virus ကိုက်မကိုက်ကို ဘယ်လိုဖြစ်ဖြစ် ဝယ်မယ်သေချာပြီဆို Reset ရိုက်ပါ ပိုင်ရှင်ကိုလုပ်ခိုင်းပါ All Data Reset ချပါ သူ့ရှေ့မှာ Sim Card ထည့်စမ်း Memory card ထည့်စမ်းပါ နားကြပ်ပါစမ်းပါ Wifi & Bluetooth & Airplane Mode & Auto Rotate Screen အကုန်လုပ်ကြည့်ပါ ဖုန်းမှာပါတဲ့ခလုတ်တွေစစ်ပါ Power + Volume up & Down အရမ်းတန်တယ် ထင်ရင်စေ့စေ့စပ်စပ်စစ်ပါ #လူတစ်ယောက် အရမ်းလောနေရင် ချင့်ချိန်ပြီးဝယ်ပါ Clone မှန်း အစစ်မှန်း သိအောင် လေ့လာပြီးမှဝယ်ပါ သူများပြောတိုင်းယုံပြီးလည်းမဝယ်ပါနဲ့ ဖြစ်သင့်မဖြစ်သင့်စဉ်းစားပါ #စိတ်မသန့်ရင်မယူပါနဲ့ Android စစ်နည်းပါ Huawei Code *#*121314#*#* *#*2846579#*#* Samsung *#0*# *#7353# *#1122# Oppo *#808# Xiaomi *#*#64663# သေချာစစ်ပါ ကျနော်လေ့လာထားဒါလေးပါ ဒါလေးတေsွသိရင်တော့ 75% အဆင်ပြေပါပြီ ကျန်တာက User နဲ့ရောင်းသူနဲ့ ယုံကြည်မှု့ ပွင်းလင်းမှု့ပေါ့ ဗျာ။:-) :-) :-) :-) :-) :-) :-) :-) :-) :-) :-) :-) :-) :-) :-) iphone စစ်ဆေးနည်း==============နည်းပညာများအား Shareပေးခြင်းဖြင့်ကူညီပါ*****iPhone good second ဝယ်မည့်သူများမိမိဝယ်မည့် iPhone စစ်မစစ် iTunes မလိုပဲ အကြမ်းဖျင်းအားဖြင့်စစ်ဆေးနည်း*****1 - iPh တွင် original ပါသော Clock App လေးကိုကြည့်ပါ စက္ကန့်တံလေးသွားနေရပါမည်(သံပါတ်နာရီများကဲ့သို့)။(Clone တချို့တွင် စက္ကန့်တံလေးသွားနေသော်လည်း သံပါတ်နာရီများကဲ့သို့ ဆက်တိုက်မဟုတ်ပဲ ဓာတ်ခဲနာရီကဲ့သို့ တစ်စက္ကန့်ချင်း ရပ်လိုက်သွားလိုက်သွားပါသည်)။ပုံ(၁) မှာကြည့်ပါ2 - မိမိဝယ်ယူမည့် iPh ထဲသို့ SIM card ထည့်ပြီး " *#5005*7672# " ကိုဖုန်းခေါ်လိုက်ပါ Message Center No ပေါ်ရပါမည်။(Clone များမှာမပေါ်ပါ) / ပုံ(၂)က-ခ မှာကြည့်ပါ3 - *** iCloud (Find My iPhone) on ထားခြင်း ရှိမရှိစစ်ဆေးပါ *** iCloud ရှိမရှိစစ်ဆေးရန်အတွက်မိမိဝယ်ယူမည့် iPhone မှ imei နံပါတ်လိုအပ်ပါတယ် imei နံပါတ်ကို Dialer မှာ *#06# ကိုနှိပ်ပြီးကြည့်ပါ (သို့) Setting > General > About > imei ကိုကြည့်ပါ (imei နံပါတ် 15လုံးရှိပါသည်) ရရှိလာတဲ့ imei နံပါတ် 15လုံးကို ဒီလင့်လေးမှာ ရိုက်ထည့်ပါ > https://www.icloud.com/activationlock/ ပုံ(၃)က-ခ မှာကြည့်ပါ4 - မိမိဝယ်ယူမယ့် iPh ဟာ Official Unlocked (Sim Unlocked) (or) Sim Lockedလားသိဖို့လိုအပ်ပါတယ်မိမိဝယ်ယူမယ့် iPh က Sim locked ဟုတ်မဟုတ်" imei နဲ့ " ဒီလင့်လေးကစစ်နိုင်ပါတယ် > http://imeidata.net/iphone/unlock-check***Official Unlocked ဆိုရင်တော့ မည်သည့်နိုင်ငံက Simcard မဆိုအသုံးပြုနိုင်ပါတယ်***Sim locked ဆိုရင်တော့ အဲ့ဒီ iPh ဝယ်ယူခဲ့တဲ့ နိုင်ငံက Simcard ဖြင့်သာအသုံးပြုနိုင်မှာပါ (Sim Locked ဖုန်းအလုံးတိုင်းမဟုတ်ပဲ တစ်ချို့Sim Lockedဖုန်းများကိုလည်း Gevey Sim လေးကြားခံထည့်ပြီးအခြားနိုင်ငံမှSimcard များအသုံးပြုနိုင်အောင်ပြုလုပ်နိုင်ပါတယ် (သို့) Online မှ Carrier ကိုလျော်ကြေးငွေပေးသွင်းပြီး Official Unlocked ဖြစ်သွားအောင်ပြုလုပ်နိုင်ပါတယ်) / ပုံ(၄)က-ခ မှာကြည့်ပါCredit ကိုစည်သူအောင်:-) :-) :-) :-) :-) :-) :-) :-) :-) :-) :-) :-) :-) သင့်သုံးနေတဲ့ ဖုန်း အစစ် အတု ဘယ်လိုခွဲမလဲ?Samsung, Huawei, Mi,  OPPO, VIVO, Kenbo, Htc နှင့် အခြား ဖုန်းများဝယ်ယူမယ်ဆိုရင် Original ပစ္စည်းအစစ်ရမဲ့ အရည်အသွေးကောင်းတဲ့ ဈေးနှုန်းသင့်တော်တဲ့  SkyMobile Myeik မှာ စိတ်ချစွာ ၀ယ်ယူအားပေးပါ။************************************ဖုန်းဝယ်တော့မယ်ဆိုရင် ဖုန်းဆိုင်မှာပဲ Original စစ် မစစ်၊ ဖုန်းရဲ့ Quality အရည်သွေး ကောင်း မကောင်း မိမိကိုယ်တိုင် စစ်ဆေးနိုင်ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတွေကို ထပ်မံမျှဝေလိုက်ပါတယ်။မိမိဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံးထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5 ဆိုပါစို့။ အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။(၄) 00 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။(၅) 05 (သို့မဟုတ်) 50 ဖြစ်မယ်ဆိုရင် ကိုရီးယားနိုင်ငံထုတ်ဖြစ်ပြီး၊ 03 (သို့) 30၊ 04 , 40၊ 06 , 60 ဖြစ်မယ်ဆိုရင် ဗီယမ်နမ်၊ စင်္ကာပူ၊ ထိုင်ဝမ် တို့မှာထုတ်လုပ်ပြီး Quality အတော်ကောင်းတဲ့ဖုန်းဖြစ်နေပါပြီ။(၆) 13 သို့မဟုတ် 31 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။ အားလုံး စစ်မှန်၊ အရည်သွေးမြင့်ဖုန်းတလုံးပိုင်ဆိုင်နိုင်ပါစေ။အထက်ပါ စစ်ဆေးခြင်းနည်းတွေက မိုလ်ဘိုင်းဖုန်းအားလုံးအတွက်ဖြစ်ပါတယ်။ ယခုထက်မံ ဖြည့်စွပ်ချင်တာကတော့ Samsung ဖုန်းတွေကို Original စစ်မစစ် စစ်ဆေးဖို့နည်းတခုပါ။Samsung ဖုန်းမှာ*#0*# ကို call ပါ။ Originalစစ်ရင် colour လေးတွေပေါ်လာမယ်။ font camera တို့ speaker တို့အစရှိသဖြင့် ဖုန်းတလုံးရဲ့ အရေးကြီးအစိတ်ပိုင်းတွေပါ စမ်းသပ်နိုင်ပါတယ်။ ထို့နောက်sinsor ကိုနှိပ်ဝင်ပြီး image test နှိပ်ပေးရင် ခွေးပုံလေးပေါ်လာလိမ့်မယ် အတုဆိုရင် မပေါ်ပါဘူး။ ဖုန်းရဲ့ setting > display > font style ပါ မပါကြည့်ပါ။ font style ပါခဲ့ရင်တော့ သင့်ဖုန်းက samsung အစစ်ပါ။ ဒီလိုနည်းဖြင့်samsung စစ်မစစ် စမ်းသပ်နိုင်ပါပြီ။အားလုံးအဆင်ပြေ နှစ်သက် ပျော်ရွှင်ကြပါစေ။မှတ်ချက် #comment တစ်ခု ရဲ့ ကောင်းမွန်တဲ့ဖြည့်စွက်ချက်တစ်ခု ဖြည့်ဖတ်ပေးပါအုန်းsamsung ဖုန်းအတုနဲ့အစစ်ကို*#0*#နဲ့စစ်ရုံနဲ့မရတော့ပါနောက်လာတဲ့clone ဖုန်းတွေကတော်တော်လေးမြင့်လာတာကြောင့်cloneဖုန်းမှာလဲ*#0*#နဲ့စစ်ရင်လဲအစစ်တွေလိုပေါ်လာပါတယ်ဒါဆိုရင်အတုနဲ့အစစ်ဘယ်လိုခွဲကြမလဲဗျာဒါကတော့လွယ်ပါတယ်*#7353#ဆိုတဲ့ဂဏန်းလေးတွေကတော့အတုမှာစစ်ဖို့စစ်စရာကုတ်မရှိတော့ပါအစစ်မှာတော့ကုတ်လေးတွေကျလာပါတယ်။samsung ဖုန်းတွေကို အတုနဲ့အစစ် ခွဲနိုင်ကြပါစေ။Credit : လမင်းမောင်(နည်းပညာ)Samsung Phone များ အတုအစစ်ခွဲနည်း------------------------------------------------------------------------------------------------------------------အခုနောက်ထွက်တဲ့ Samsung Phone တွေမှာ အတုအစစ်တော်တော်ခွဲခြားဖို့ ခဲယဉ်းသွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အစစ်မှာပါတဲ့ Feature တွေကလည်း အတုမှာလည်း ပါဝင်လာတာကို တွေ့ရပါတယ်... ဒါပေမဲ့ ဒီနည်းလမ်းကို သိထားမယ် ဆိုရင်တော့ အတုအစစ်ကို မိမိကိုယ်တိုင် ခွဲခြားနိုင်မှာ ဖြစ်ပါတယ်... ဒီနည်းလမ်းကို သိထားတဲ့အတွက် တစ်ခြားတစ်ယောက်က မိမိကို လာရောင်းတာ ဖြစ်ဖြစ် မိမိကိုယ်တိုင် ကလည်း ဖုန်းဆိုင်မှာ သွားဝယ်တာ ဖြစ်ဖြစ် ဒီနည်းလမ်းကို သိထားမယ်ဆိုရင်တော့ အကျိုးမယုတ်ပါဘူး ခင်ဗျာ....IMEI နံပတ်နှင့် စစ်နည်း-------------------------မိမိဖုန်းခေါ်တဲ့ နေရာကနေပြီးတော့ *#06# ရိုက်လိုက်ပါ။ IMEI နံပတ် ၁၇လုံး ကျလာပါ လိမ့်မည်။ အဲ့ဒီနံပတ်ကို copy ယူပြီး http://www.imei.info/ မှာ သွားပြီး ရိုက်ထည့်ပြီး Check ကို နှိပ်ပေးလိုက်ပါ။ အဲ့ဒါဆိုရင်တော့ မိမိဖုန်းရဲ့ information အချက်အလက်တွေ ကျလာမှာ ဖြစ်ပါတယ်။ အဲ့ဒါဆိုရင်တော့ မိမိရဲ့ဖုန်းဟာ အစစ်ဟုတ်မဟုတ် သိရမှာ ဖြစ်ပါတယ်။ ဒါကတော့ ပါကင်အလုံးတွေ ၀ယ်တဲ့အခါမှာ စစ်ဆေးပါ။ သေချာအောင် ဘူးနဲ့ တိုက်ကြည့်ပါ။ နံပတ် ၁နဲ့  နံပတ်၂ ကို ကြည့်ရန်   Downloading Mode နဲ့ စစ်နည်း----------------------------------ဒီနည်းကတော့ အတုတွေမှာ ဘယ်လိုမှ စစ်လို့ရမှာ မဟုတ်ပါဘူးခင်ဗျာ။ မိမိရဲ့ဖုန်းကို ပါဝါ ပိတ်လိုက်ပါ။ ပြီးရင် ဓါတ်ခဲပြန်ထည့်လိုက်ပါ။ ပြီးရင် Vol Down + Home + Power ကို ပြိုင်နှိပ်လိုက်ပါ။ နံပတ် ၃ က ပုံမျိုးတက်လာပါက Warning ဆိုတဲ့ စာတန်း တက်လာရင်Vol Up ကို တစ်ချက်နှိပ်ပေးလိုက်ပါ။ Downloading ဆိုတဲ့ နံပတ် ၄ က ပုံမျိုး ပေါ်လာပါ လိမ့်မည်။ အပေါ်ဘယ်ဘက်ထောင့်မှာလည်း မိမိရဲ့မော်ဒယ်နံပတ်လည်း သွားမြင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒါဆိုရင်တော့ အစစ်လို့ သတ်မှတ်လို့ရပါတယ်ခင်ဗျာ. အတုမှာက  Downloding Mode ၀င်လို့မရပါဘူးခင်ဗျာ... နံပတ် ၃ နဲ့ နံပတ် ၄ ကိုကြည့်ရန် Downloading Mode ၀င်တဲ့အခါမှာ key တွေပျက်နေရင် Downloading Mode ၀င်တဲ့ Jig ဆိုတဲ့ဟာလေး ရှိပါတယ်.. Serviceဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ တစ်ခုမှ ၁၀၀၀ ၊ ဒါမှမဟုတ် ၃၀၀၀ လောက် ရှိပါတယ်။မိမိရဲ့ဖုန်းကို ပါဝါပိတ် ဓါတ်ခဲဖြုတ် ပြီးရင် ပြန်တက်ပြီး အဲ့ဒီ Jig လေးကို ထိုးလိုက်တာနဲ့ Downloading Mode ၀င်သွားပါလိမ့်မည်။ ဒီနည်းကတော့ အင်တာနက် ကော်နက်ရှင် မလိုဘဲ လွယ်လွယ်ကူကူ စစ်တဲ့နည်းလေး ဖြစ်ပါတယ်... ဒီလောက်ဆိုရင်တော့ အစစ်အတု ခွဲခြားတတ်ပြီထင်ပါတယ် ပုံ ၅ကို ကြည့်ရန်.........မှတ်ချက်(Download ၀င်လို့ရတဲ့ clone တချို့လည်းရှိပါတယ်)Cerdit >>> မင်း ခန့် ပိုင်း

Comments

Popular Posts